SSD တွေထဲမှာ ဘယ်နှစ်မျိုးရှိလဲ? ဘာတွေကွာလဲ?
SSD တွေထဲမှာ ဘယ်နှစ်မျိုးရှိလဲ? ဘာတွေကွာလဲ?
===================
လောလောဆယ် အသုံးများပြီး ကျွန်တော်မြင်ရသလောက်ကတော့ ၅ မျိုးရှိပါတယ်။
SATA 2.5’’
U.2
M.2 SATA
M.2 NVMe
NVMe PCIe ဆိုတဲ့ ငါးမျိုးပါ အဲ့ထဲမှာမှ အသုံးများတာ ၃မျိုးလောက်ပါပဲ။
.
SATA 2.5’’
======
SATA 2.5’’ ကတော့ ဒီထဲမှာ အရှင်းဆုံး SSD ပါပဲ သူ့ရဲ့ Cable ကလဲ SATA , motherboard connection ကလဲ SATA , နည်းပညာကလဲ SATA ပဲ။ SATA မှာ Version တွေရှိသေးတယ်။ Revision ပေါ့။
သူက အတိုဆုံးပြောရရင် ပိုကောင်းပိုမြန်လာတယ်ပေါ့။
.
SATA revision 1.0 (150MB/s)
SATA revision 2.0 (300MB/s)
SATA revision 3.0 (600MB/s) ဒီအထိက အကြီးစားပြောင်းလဲမှု့တွေနဲ့ပေါ့။
SATA revision 3.1 ,3.2 ,3.3 ,3.4 ဆိုပြီး Small Upgrade feature တွေနဲ့ထပ်ထွက်ခဲ့ပါသေးတယ်။
U.2
==
U.2 က SATA connector နဲ့တော်တော်ဆင်တယ်။ ဒါပေမဲ့ PCIe Lane တွေနဲ့ Data Transfer သွားပါတယ်။ M.2 အပေါက်ကိုလဲ adapter နဲ့သုံးလို့ရတယ်။ M.2 က 3.3V ပဲရှိပေမဲ့ U.2 ကတော့ 12V အထိရှိပါတယ်။ အများစု့က Server အတွက်သုံးခဲ့ကြတာများတယ်။ SATA 2.5’’ နဲ့ Capacity တူတဲ့ U.2 တောင် ဈေး၃ဆလောက်ပိုကြီးတော့ သိပ်ရွေးခြယ်လေ့မရှိကြပါဖူး။
.
M.2 SATA & M.2 NVMe
=============
M.2 SATA က SATA 2.5 နဲ့ Connection ရယ် နည်းပညာရယ်တူပါတယ်။ connector ပဲကွာတာပါ။ Speed လဲတူသလို။ တော်တော်များများတူတူပါပဲ။ Size ပဲကွာတာပါ။ M.2 NVMe က M.2 SATA နဲ့ပုံစံခြင်းဆင်ပါတယ်။ ဘယ်လိုခွဲလို့အဆင်ပြေလဲဆိုရင် အများစု့မှာ ခေါင်းကိုကြည့်လိုက်ရင် အချိုင့်လေးရှိပါတယ်။ M.2 Sata မှာ ၂ခု့ပါပြီး NVMe မှာ ၁ခု့ထဲပါပါတယ်။ NVMe က M.2 တွေထက် အများကြီးပိုမြင့်ပါတယ်။ ပိုလဲမြန်ပါတယ်။ m.2 ကသာ Sata 2.5’’ နဲ့ Speed တူတူလောက်ဆိုပေမဲ့ NVMe တွေက သူ့တို့ထက် 8 ဆလောက်မြန်ပါတယ်။ ကိုယ်သုံးတဲ့ brand နဲ့လဲဆိုင်သေးတာပေါ့။
NVMe PCIe
=======
PCIe ကိုသေသေချာချာပြောရင် interface တစ်ခု့ပဲဗျ။ သူက High Speed transfer လုပ်ပေးတဲ့ လမ်းကြောင်းတွေပေါ့။ Graphic card လဲ PCIe လမ်းကြောင်းနဲ့သွားတာပဲ။ PCIe စစထွက်တုန်းက လမ်းကြောင်း တစ်ခု့ထဲမှာ speed တစ်မျိုးထဲနဲ့ပြေးခဲ့ပါတယ်။ ဥပမာ လမ်းကြောင်းတစ်ခု့နဲ့ 1GB/s နူန်းပေါ့။
နောက်တော့ လမ်းကြောင်း ၄ခု့လုပ်လိုက်တဲ့အခါ 4GB/s ဖြစ်သွားရော။ အခု့ 16 လမ်းလောက်ရှိနေပြီးတော့ 3GB/s လောက်အထိဖြစ်နေပြီဆိုတော့ PCIe ကိုသုံးတဲ့ NVMe တွေအရမ်းမြန်နေတာမဆန်းတော့ပါဖူး။ NVMe PCIe တွေထဲ တော်တော်များများသိကြတာက Intel Optane ပါ။ M.2 NVMe ထက်ဈေး ၃ဆ ကျော် ကြီးပါသေးတယ်။ Sequential read and write speeds က တော့ M.2 NVMe နဲ့တူတူလောက်သွားတော့ သိပ်မသုံးကြပါဖူး။ သူက Random Read/Write မှာပဲ NVMe ထက် ၁၀ ဆနီးနီးသာတာပါ။ Random access မှာကောင်းသွားတော့ သူက RAM လိုဖြစ်သွားရော။ RAM လောက်တော့မမြန်ဖူးပေါ့။ အဲ့တော့ သူ့ကို 32GB size လောက်မှာ Cache အတွက်သုံးပေး လိုက်ရင် M.2 NVMe ထက်တော့ ပိုမြန်တဲ့ access တွေရမှာပါ။ အဲ့လောက်ရှုပ်ရှုပ်ရှက်ရှက်တွေကတော့ လူအများစု့မလိုအပ်ပါဖူး။
Photo Credit: Reddit ( I forgot the source)
Copy text #
Comments
Post a Comment