Hardiskအကြောင်းများ



 သင့် ရဲ့ Hard Disk ပျက်တော့မယ်ဆိုတာ ကိုဖော်ပြနေတဲ့ လက္ခဏာ ၅ချက်


ကျွန်တော်တို့တစ်တွေအယောက်တိုင်းလိုလိုမှာ အရေးကြီးတဲ့ file တွေ၊ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းအချက်အလက်တွေ၊ ဗီဒီယိုဖိုင်တွေနဲ့ အသံဖိုင်တွေရှိကြပါတယ်။ အဲ့ဒီ ဒေတာတွေကို ကျွန်တော်တို့တွေအများစုဟာ hard disk တွေထဲကို သိမ်းလေ့ရှိပါတယ်။ Hard disk တွေမှာလည်း သူတို့သက်တမ်းနဲ့သူတို့ ရှိကြပါတယ်ဆိုတာကို သိရှိတဲ့သူတွေနည်းပါတယ်။ Hard disk တစ္လုံး ကိုမပျက်လောက်ဘူးလို့ ထင်ကြသူတွေရှိပါတယ်။ ဒီတိုင်းဘယ်မှ နေရာရွှေ့တာတွေ ဘာမှမလုပ်၊ ပတ်၀န်းကျင် စိုထိုင်းမှု၊ အပူချိန် စတဲ့အချက်တွေ သက်ရောက်မှုမရှိ ဘူးဆိုရင် hard disk တစ်လုံးရဲ့ ပျမ်းမျှ သက်တတမ်းကတော့ ၅-၁၀ နှစ်ရှိတတ်ပါတယ်။ ဒါပေမဲ့ လူအမ်ားစုဟာ laptops နဲ့ external hard disk တွေကိုပဲ ဟိုသယ်၊ သည်သယ် သုံးကြတာများပါတယ်။ အဲ့ဒီအတွက်ကြောင့် တကယ့် လက်တွေ့ သက်တမ်းကတော့ ၃-၅ နှစ်ပျမ်းမျှလောက်ရှိပါတယ်။ Hard drive ကတဖြည်းဖြည်းချင်း ယိုယွင်းလာတယ်ဆိုရင်တော့ အထဲကဒေတာတွေကို လုံး၀ fail မသွားခင် တခြားနေရာတစ်နေရာရာကို ရွေ့ပြောင်းထားလို့ရပါတယ်။ Hard Disk တွေတဖြည်းဖြည်းချင်း ပျက်စီးနေပြီဆိုတာကို သိနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဲ့ဒါတွေကို မသိသေးတဲ့သူတွေအတွက် ဒီ article ကနေမျှ၀ပေးလိုက်ပါတယ်။ 

.

၁။ ကွန်ပျူတာက တအားနှေးလာတယ်၊ ခဏခဏ hang တယ်၊ windows os မွာဆို blue screen error လာမယ်

_______________

ဒီအချက်တွေဖြစ်နေပြီဆိုတာနဲ့ hard disk ကြောင့်လို့တန်းပြောလို့တော့မရသေးပါဘူး။ တခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သင့်ဒေတာတွေကို backup လုပ်ထားဖို့ သင့်ပါတယ်။ အကယ်၍ အဲ့ဒီ လက္ခဏာတွေက OS အသစ်စက်စက်ပြန်သွင်းထားတဲ့ အပြီးမှာသို့မဟုတ် windows safe mode ထဲမှာဖြစ်တယ်ဆိုရင်တော့ ပြဿနာက hardware ကြောင့်ဖြစ်နေတာသေချာနေပြီးတော့ hard disk ဖြစ်နေတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

.

၂။ ဒေတာတွေပျက်စီးနေခြင်း (Corrupted Data)

_________________

File ကို error လုံး၀မဖြစ်ပဲနဲ့ save လုပ်လိုက်လို့ရခဲ့ပေမဲ့ အဲ့ဒီ file တွေဖွင့်လို့မရတော့တာ၊ သို့မဟုတ် အဲ့ဒီ file တွေမှာ corrupt ဖြစ်နေတဲ့ data တွေပါနေတာ၊ file ကရုတ်တရက်ပျောက်သွားတာတို့နဲ့ ကြုံရတယ် ဆိုရင်တော့ သင့်ရဲ့ data တွေအတွက်နည်းနည်းလေးတော့ စိုးရိမ်ဖို့ လိုလာပါပြီ။ ဒီလိုဖြစ်တာဟာ တခြားအကြောင်းအရင်းတွေရှိ နိုင်ပေမဲ့ သင့်ရဲ့ hard disk တဖြည်းဖြည်းယိုယွင်းလာနေပြီဆိုတာ ပြတဲ့ sign လည်းဖြစ်နိုင်ပါတယ်။ 

.

၃။ Bad Sector တွေများလာမယ်။ 

__________________

Sector ဆိုတာက hard drive မွာပါတဲ့ platter ပြားပေါ်မှာ ပိုင်းထားတဲ့ အပိုင်းလေးတွေကိုခေါ်ပါတယ်။ အဲ့ဒီ sector တွေထဲမှာပဲ data တွေကိုသိမ်းဆည်းမှုတွေပြုလုပ်တာပါ။ Bad sector တွေက data တွေကို မှန်မှန်ကန်ကန် မသိမ်းပါဘူး။ Bad Sector တွေကို Operation System တွေက maskလုပ်ထားတတ်ပါတယ်။ အဲ့တော့ ပုံမှန်ဆိုရင်တော့ detect လုပ်ဖို့မလွယ်ပါဘူး။ အထူးသဖြင့် disk ရဲ့ capacity အမ်ားအျပားကို သုံးပြုထားတယ်ဆိုရင် ပိုလို့တောင် mask လုပ်ထားတတ်ပါတယ်။ Bad Sector တွေက တကယ္ကို ဆိုးကြိုးပေးပါတယ်။ သင်ကိုယ်တိုင် disk ကို check လို့ရပါတယ်။ Windows 7 နဲ့ဥပမာပေးပါ့မယ်။ အျခား Windows version မှာလည်း ခပ်ဆင်ဆင်ပါပဲ။ သင်စစ်ချင်တဲ့ disk ကို right-click ထောက်ပြီး properties ကိုရွေးပါ။ အထဲမွာ Tools ဆိုတဲ့ tab ကိုနှိပ်ပါ။ Check now ဆိုတာကိုနှိပ်ပါ။ Box ပေါ်လာရင် အထဲက option နှစ်ခုလုံးကို tick လုပ်ပါ။ အထက်ပါနည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ 

.

၄။ Hard Disk ထဲမွ မူမမှန်သော အသံများထွက်ခြင်း

__________________

သင့် hard drive ကေန ပုံမှန်မဟုတ်တဲ့ အသံတွေထွက်လာပြီဆိုရင်တော့ အခြေအနေက ဆိုးနေပါပြီ။ ဒီအခြေအနေမှာဆိုရင် hard disk ကေန "ကလစ် ကလစ်" ဆိုတဲ့အသံနဲ့ ခပ်ဆင်ဆင် အသံတစ်မျိုးထွက်နေတတ်ပါတယ်။ အဲ့ဒီ အသံကို click of death လို့လူသိများပါတယ်။ အဲ့ဒီစကားလုံးကို အသုံးလည်းများပါတယ်။ အဲ့ဒီအသံဟာ hard disk ထဲက data ကို read/write လုပ်ပေးတဲ့ head လို့ခေါ်တဲ့ အချောင်းတစ်ချောင်း ကြောင့်ဖြစ်တာပါ။ ဘာလို့မြည်တာလည်းဆိုရင်တော့ head က error ဖြစ်နေတဲ့ ဒေတာ တွေကို recover လုပ်ဖို့ကြိုးစားနေတာ မရလို့ပါ။ တစ္ခုခုကို ကြိတ်နေတဲ့ အသံ၊ ဒါမှမဟုတ် ပြတ္တိုက္သံ တွေကြားနေရပြီဆိုရင်တော့ hard disk ထဲက spindle motor ဒါမှမဟုတ် bearing တွေ fail  နေပါပြီ။

.

၅။ S.M.A.R.T.Data

______________

Hard drive failure ဖြစ်ခြင်းကို ကြိုတင်ခန့်မှန်းမှုတွေလုပ်ကြတဲ့ tools တွေအများကြီးရှိပါတယ်။ အဲ့ဒီ tools တွေက Operating System က သိမ်းဆည်းထားတဲ့ S.M.A.R.T(Self-Monitoring, Analysis and Reporting) data တွေကို ဖတ်ပြီးတော့မှန်းဆတာပါ။ သို့ပေမဲ့ S.M.A.R.T ကပြောသလောက် အားထားလို့မရပါဘူး။ S.M.A.R.T စနစ္က warning မပေးခင် hard drive တွေပြဿနာဖြစ်တာများပါတယ်။ သင့်ရဲ့ hardisk ဟာ ကောင်းနေသေးတယ်၊ ပြီးတော့ သင်ဟာ S.M.A.R.T data ကိုဖတ်ကြည့်ချင်တယ်ဆိုရင်တော့ သင့်အတွက် အရှုံးမရှိပါဘူး။ 


အကယ်၍ သင်သာ သင့် hard drive က fail တော့မယ်လို့သံသယ ၀င်နေပြီဆိုရင်တော့ သင့်လက်ရှိဒေတာတွေကို backup လုပ်ထားပြီးတော့ နောက်ထပ်အစားထိုး၀ယ်ဖို့ကို စဉ်းစားသင့်ပါပြီ။ Cloud storage တွေကိုလည်းသုံးလို့ရပါတယ်။ ဥပမာ google driveတို့၊ dropbox တို့လိုမျိုး။ Cloud Storage တွေက free version တွေမှာ storage space နည်းတတ်ပါတယ်။ Google Drive က ၁၅ Gbs ပေးပြီးတော့ Dropbox က ၂ Gbs လောက်ပဲပေးပါတယ်။ Mega ဆိုတဲ့ cloud storage ကေတာ့ free ကိုမွ ၅၀ Gbs ပေးပါတယ်။ ယာယီ ဒေတာပမာဏ နည်းနည်းကိုတော့ သိမ်းဆည်းလို့ အဆင်ပြေမှာပါ။ နောက်တစ်မျိုးက driveထဲမွာ ရွေ့လျှားတဲ့ အစိတ်အပိုင်းတွေမပါတဲ့ SSD တွေကို ပြောင်းသုံးကြည့်ဖို့ပါပဲ။ External Hard Disk တွေ fail တဲ့အကြောင်းအရင်း မ်ားထဲက တစ္ခုကေတာ့ လွတ်ကျတာကြောင့်ပဲဖြစ်ပါတယ်။ ဒီ article လေးကိုဖတ်မိခြင်းဖြင့် မိမိရဲ့ hard disk fail တော့မယ့် လက္ခဏာ တွေကိုသိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ စာလုံးပေါင်း သတ္ပုံအမွား၊ typo တွေရှိခဲ့ရင် ခွင့်လွှတ်ပေးပါ။ ရေးဖို့ကျန်သွားတာ တွေရှိရင်လည်း comment ပေးကြပါ။ ကျေးဇူးတင်ပါတယ်။

Comments

Popular Posts